ရှမ်းပြည်နယ်သည် ကုန်းမြေဧရိယာအကြီးမားဆုံးသော စီမံခန့်ခွဲမှုနယ်မြေတစ်ခုဖြစ်ပြီး၊ အကျယ် အဝန်းအားဖြင့် ဧကထောင်ပေါင်း (၃၈,၄၄၉) (၁၅၅,၈၀၀ စတုရန်းကီလိုမီတာ) ရှိရာ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ လေးပုံတစ်ပုံနီးပါး (၂၃.၂%) ရှိပါသည်။ ရှမ်းပြည်နယ်သည် ရှမ်းကုန်းမြေမြင့် ဒေသအဖြစ်ထင်ရှားပြီး၊ ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှပေ (၃,၀၀၀) မှ (၄,၀၀၀) ကြားအမြင့် တွင် တည်ရှိပါသည်။ မြစ်များအဖြစ် ရွှေလီမြစ်၊ မြစ်ငယ်မြစ်၊ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်တို့သည်  ဧရာဝတီမြစ်ကို မြစ်ဖျားခံလျှက် ရှမ်းပြည်နယ်အတွင်း စီးဆင်းနေပြီး သံလွင်မြစ်သည် ရှမ်းပြည်နယ်ကိုဖြတ်သန်းစီးဆင်းကာ မြန်မာနိုင်ငံ၏ တောင်ပိုင်းဒေသဖြစ်သောတနင်္သာရီကမ်းလွန် ပင်လယ်ပြင်သို့ ဝင်ရောက်စီးဆင်းသွားသည်[1]

 

ရှမ်းပြည်နယ်သည်ကြီးမားကျယ်ပြန့်သော မြေဧရိယာရှိသည်နှင့်အညီ သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ် နိုင်ပါသည်။ သို့သော် စုစုပေါင်းမြေပြင်ဧရိယာ၏ (၈%)ခန့် (၃,၀၀၄ ဧက ထောင်ပေါင်း) (စိုက်ပျိုးထား သည့်မြေမပါ) ကိုသာစိုက်ပျိုးရေးအတွက် အမှန်တကယ်အသုံးပြု ထားသေးသည်ကို တွေ့ရှိရပါသည်။

 

၂၀၀၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ်ဧရိယာ၏ (၇၆%)သည် သစ်တောများဖုံးလွှမ်းနေသော် လည်း[2] အနှစ်(၂၀)အတွင်း ၂၀၁၇/၂၀၁၈ ခုနှစ်တွင် (၅၁%)သို့ ကျဆင်းခဲ့ပါသည်။ ရှမ်းပြည်နယ်ရှိ သစ်တောများကို သစ်၊မီးသွေးနှင့်အခြားသောထုတ်ကုန်များအဖြစ် ထုတ်လုပ်အသုံးပြု ပါသည်။ သစ်တောများသည် သဘာဝအရင်းအမြစ်များအဖြစ်အရေးပါသကဲ့သို့ ရှမ်းပြည်နယ်၏ ရာသီဥတု ကောင်းမွန်စေခြင်း၊ ရေလည်ပတ်စီးဆင်းမှုအတွက် အထောက်အကူဖြစ်ခြင်း၊ မြေဆီလွှာကို ထိမ်းသိမ်း ထားနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များကို အကာ အကွယ်ပေးရန် တို့အတွက် များစွာအရေးကြီးပါသည်။

 

ရှမ်းပြည်နယ်အစိုးရသည် ပြည်ထောင်စု၏ ဖွံ့ဖြိုးရေးမူဝါဒတစ်ရပ်ဖြစ်သော သစ်တောများ မပြုန်းတီးအောင် ထိန်းသိမ်းရေးမူဝါဒနှင့်အညီ သစ်တောများပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာ သည့် သဘာဝတောရိုင်းအခြေအနေများဆုံးရှုံးရမှု၊ ဂေဟစနစ်လုပ်ဆောင်ချက်များကို အနှောက်အယှက် ဖြစ်စေမှုစသည့် အခြေအနေများကိုအလျှင်အမြန် ထိန်းသိမ်းကာကွယ်နိုင်ရန် သစ်တောများပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိပါသည်။ အစိုးရသစ်လက်ထက်တွင် သစ်တောကဏ္ဍ ၌  သစ်တောများမပြုန်းတီးရေး စီမံချက်အောက်တွင် ရှမ်းပြည်နယ်သည် ၂၀၁၇ ခုနှစ်၌ စီးပွားဖြစ်သစ်တောစိုက်ဧက (၆,၆၅၇) ဧကကိုစိုက်ပျိုးခဲ့ရာ၊ မိုးမိတ်ဒေသတွင် (၂,၉၉၉) ဧက၊ လားရှိုးဒေသတွင် (၉၇၅) ဧက၊ လင်းခေးဒေသတွင် (၉၀၉) ဧကနှင့် တောင်ကြီးဒေသတွင် (၆၅၃) ဧကတို့ အသီးသီး စိုက်ပျိုးခဲ့ပါသည်။

 

စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန်များအပြင်၊ ရှမ်းပြည်နယ်သည် ဓါတ်သတ္တုအမျိုးမျိုး လည်းထွက်ရှိရာ ဒေသတစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် သံ၊ ခဲ၊ ငွေ၊ သွပ်၊ သံသတ္တုရိုင်း၊ မဂ္ဂနီဆီယမ်၊ ရွှေနှင့် ကျောက်အမျိုးမျိုးတို့ဖြစ်သည့် သဘာဝသယံဇာတများပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် အရည်အသွေးကောင်းမွန်သော ပတ္တမြားများ နှင့် အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိမှုကြောင့် နာမည်ကျော်ကြားသည်။ ထို့ကြောင့် သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းသည် ရှမ်းပြည်နယ်စီးပွားရေး၏ အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး၏ (၂.၆%) ရှိပါသည်။ အဆိုပါကဏ္ဍသည် ၂၀၁၇/၂၀၁၈ခုနှစ်တွင် ပြည်နယ်၏ကုန်ထုတ်လုပ်မှုပမာဏ စုစုပေါင်းတွင် ကျပ်ဘီလီယံပေါင်း (၁၃၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၈ သန်း) ပါဝင်ပါ သည်။  ရှမ်းပြည်နယ်သည် ပထဝီအနေအထားအရ သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုအဖြစ် မိုင်းရှူးနှင့်အင်းလေးဒေသတို့သည် အကောင်းဆုံးဥပမာများဖြစ်ပါ သည်။ မိုင်းရှူးမြို့သည်လွိုင်လင်ခရိုင်အတွင်းတည်ရှိပြီး ပတ္တမြားအဓိကထွက်ရှိရာ မြို့တစ်မြို့ ဖြစ်ရာ ၁၉၉၀ ခုနှစ်အစောပိုင်းကာလများမှစတင်၍ မိုးကုတ်မြို့ပြီးလျှင် အရည်အသွေး အကောင်းမွန်ဆုံး ပတ္တမြားများထွက်ရှိရာ မြို့တစ်မြို့ဖြစ်ပါသည်[3]

 

ရှမ်းပြည်နယ်အတွင်း သဘာဝရေတံခွန် အမြောက်အများတည်ရှိနေမှုသည်လည်း ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းမှသည် ပြည်နယ်အတွက်အကျိုးကျေးဇူးရရှိစေနိုင်ပါသည်။ ရှမ်းပြည်နယ် အတွင်း သံလွင်မြစ်သည်မြောက်မှတောင်သို့ဖြတ်၍စီးဆင်းလျှက်ရှိရာ ရေအားလျှပ်စစ် ထုတ်လုပ်ရန် အခွင့်အလမ်းကောင်းပင် ဖြစ်ပါသည်။

သဘာဝသယံဇာတများနှင့် အခြားသောအရင်းအမြစ်များ

 

ရှမ်းပြည်နယ် မြန်မာ
 ၂၀၁၅/၂၀၁၆  ၂၀၁၇/၂၀၁၈  ၂၀၁၅/၂၀၁၆  ၂၀၁၇/၂၀၁၈
စုစုပေါင်းမြေဧရိယာ (ဧကထောင်ပေါင်း)  ၃၈,၄၉၉  ၃၈,၄၉၉ ၁၆၇,၁၈၆ ၁၆၇,၁၈၆
အသားတင်စိုက်ဧက (ဧကထောင်ပေါင်း)  ၂,၉၇၅  ၃,၀၀၄  ၂၉,၆၇၁  ၂၉,၇၉၂
လှပ်မြေ(ဧကထောင်ပေါင်း)  ၄၉၃  ၄၈၉  ၁၂,၉၆၄  ၁၃,၆၉၅
မြေရိုင်းဧရိယာ (ဧကထောင်ပေါင်း) ၄,၆၇၀ ၄,၇၆၀  ၁,၁၁၁  ၁,၁၄၉
စက်မှုမြေ (ဧကထောင်ပေါင်း)  ၈  ၉  –  –
မြို့ပြမြေနေရာ (ဧကထောင်ပေါင်း)  ၉၂  ၉၃  –  –
ကျေးလက်ဒေသမြေနေရာ (ဧကထောင်ပေါင်း)  ၁၉၂  ၁၉၃  –  –
အခြားမြေ (ဧကထောင်ပေါင်း)  ၉,၇၀၉  ၉,၇၀၈  ၄၁,၁၆၅  ၄၀,၀၄၈
သစ်တောမြေ (ဧကထောင်ပေါင်း) ၁၉,၈၁၁ ၁၉,၇၄၇ ၈၂,၂၇၅ ၈၂,၅၀၂
မြေရိုင်း(ဧကထောင်ပေါင်း) ၄,၆၇၀ ၄,၇၀၅
ပလပ်မြေ (ဧကထောင်ပေါင်း)  ၅၄၉  ၅၄၉  –  –
စိုက်ပျိုးရေပေးဝေနိုင်သည့်ဧရိယာ (ဧကထောင်ပေါင်း)  ၅၈၅  ၅၇၇  ၃,၀၀၀  ၃,၀၉၀
စီးပွားဖြစ်သစ်တောစိုက်ခင်းဧရိယာ (ဧကထောင်ပေါင်း)  ၇.၁၀  ၆.၆၆  ၁၄.၉၇
သစ်ထုတ်လုပ်မှု (ကျွန်းသစ်နှင့် အခြားသစ်မာ) (ကုဗတန်)  ၅၂,၆၂၈  ၁၁,၂၇၅  ၆၉၂,၀၆၆  ၂၃၆,၁၈၂
ကျောက်မီးသွေးထုတ်လုပ်မှု (သတ္တု)

(တန်)

 ၂၇,၈၅၆  ၃၃,၅၄၅  ၄၁,၉၈၆  ၄၁၉,၈၆၂
ခဲ (သတ္တု)(မက်ထရစ်တန်)  ၆၂,၉၃၅ ၂,၀၄၃,၂၈၉
အခြားတွင်းထွက်များ (မက်ထရစ်တန်) ၂၇၃,၄၃၀
သတ္တုတွင်းအရေအတွက် (သတ္တု)  ၁၁၀  ၁၆၄  ၂,၀၄၃
သတ္တုတွင်းအရေအတွက် (သတ္တုမဟုတ်သောအခြား)  ၃  ၇၀  ၉၀၀  ၂၈၉
ခရီးသွားလုပ်ငန်းအတွက်အသုံးပြုနိုင်သည့်

အလားအလာကောင်းသောသဘာဝ

သစ်တောနှင့် သဘာဝနေရာများ

 ၇  ၁၂

ရင်းမြစ်: GAD, ဗဟိုစာရင်းအင်းအဖွဲ့နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအသီးသီး