“ဟင်းသီးဟင်းရွက်ထုတ်လုပ်ရာတွင်Poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများဆိုင်ရာWebinarဆွေးနွေးပွဲ” သို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း

Poly-tunnels သည်သီးနှံများစိုက်ပျိုးရာတွင် အကာအကွယ်ပေးခြင်း၊အထွက်နှုန်းတိုးတက်စေခြင်းနှင့်စိုက်ပျိုး ရာသီကာလ တိုးချဲ့နိုင်စေခြင်းများအတွက် ရိုးရှင်းသော တည်ဆောက်မှုပုံစံဖြစ်ပါသည်။Fresh Studio သည်ရှမ်းပြည်နယ်တောင်ပိုင်းရှိဟင်းသီးဟင်းရွက်ထုတ်လုပ်မှုတွင်poly-tunnel များအသုံးပြုခြင်းဖြင့်ရရှိလာနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်သည့်လေ့လာမှုတစ်ခုကိုပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုကို ဂျာမနီအစိုးရကိုယ်စားGIZBusiness မှ ငွေကြေးထောက်ပံ့ခဲ့ပါသည်။ဤWebinar တွင် Fresh Studio သည်လေ့လာတွေ့ရှိမှု၏အဓိကကျသောအချက်များကို ရှင်းလင်းတင်ပြပြီးနောက် အမေးအဖြေများဖြင့် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။   အကယ်၍သင်စိတ်ဝင်စားပါက၊အောက်ပါလင့်ခ်မှာ စာရင်းသွင်းနိုင်ပါသည်။ https://ssic.gov.mm///bit.ly/GIZPolytunnelWebinar   ရက်စွဲ: ၉ အောက်တိုဘာ ၂၀၂၀ အချိန်: နေ့လည် ၁ နာရီ -နေ့လည် ၃ နာရီ နေရာ: အွန်လိုင်းအသုံးပြု၍Zoom မှတဆင့်ကျင်းပသွားမည်

Model Industrial Co., Ltd. သို့ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဘရိုက်တီးကျောက်မှုန့်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော Model Industrial Co., Ltd. ၏ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စုရှိ ဘရိုက်တီးကျောက် အသေးစားထုတ်လုပ်သည့်လုပ်ငန်းသို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၉.၉.၂၀၂၀ ရက်တွင်သွားရောက်ကွင်းဆင်း၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

HI AVOCADO MTD COMPANY LIMITED သို့ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ထောပတ်သီး၊ သရက်သီး စသည်တို့ကို ပြုပြင်ထုတ်ပိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော HI AVOCADO MTD COMPANY LIMITED သို့ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂.၉.၂၀၂၀ ရက်တွင်သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအားရှင်းလင်းဆွေးနွေးခြင်း

ရှမ်းပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI)မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် “Taunggyi Smart Green City Project Initiative” အခမ်းအနားသို့ DICA (Shan State)မှ ပြည်နယ်ဦးစီးမှူး တက်ရောက်၍ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ၁.၉.၂၀၂၀ရက်တွင် (SSSCCI)ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့် ဌာနဆိုင်ရာကိုယ်စား လှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။