• Version
  • Download 25
  • File Size 253.67 KB
  • File Count 1
  • Create Date ဒီဇင်ဘာ 12, 2019
  • Last Updated ဒီဇင်ဘာ 19, 2019

ဝန်ကြီးချုပ်၏အမှာစကား

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး ကုန်းမြေအကျယ်ပြန့်ဆုံး ပြည်နယ်တစ်ခုဖြစ်ပါသည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဗဟိုချက်မဖြစ်သည့်အပြင် မဟာဗျူဟာမြောက် ချိတ်ဆက်မှုများဖြစ်သော တရုတ်နိုင်ငံ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျှက်ရှိပြီး တည်နေရာကောင်းမွန် သောကြောင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းအမျိုးမျိုးရှိသော ပြည်နယ်တစ်ခုလည်းဖြစ်ပါ သည်။

ရှမ်းပြည်နယ်အတွင်း အင်းလေးကန်နှင့် အခြားထင်ရှားသော စေတီပုထိုးများ၊ လိုဏ်ဂူများစ သည့်   ပြည်တွင်း/ ပြည်ပခရီးသွားများလာရောက်လည်ပတ်ရန်အတွက် ထင်ရှားကျော်ကြားသော နေရာများစွာ တည်ရှိနေခြင်းကြောင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ပြည်နယ်လည်း ဖြစ် ပါသည်။

ထိုအပြင် ရှမ်းကုန်းမြင့်ဒေသ၏ ရာသီဥတုအခြေအနေအရ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဟင်း သီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ လက်ဖက်၊ ကော်ဖီ ကဲ့သို့သော အခြားဝင်ငွေရ စိုက်ပျိုးရေး ထွက်ကုန်များနှင့် တန်ဖိုးမြှင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းစေသော ပြည်နယ်ဖြစ်ပါသည်။ စိုက်ပျိုးရေး ထွက်ကုန်များအား တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်ရန်မှာ အလား အလာများစွာရှိသော ပြည်နယ် ဖြစ်ပါသည်။

ရှမ်းပြည်နယ်အတွင်း ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းသည်လည်း စက်မှုကဏ္ဍတွင် အရေးပါ သည့် အခန်းကဏ္ဍမှပါဝင်နေပြီး စိုက်ပျိုးရေးထွက်ကုန်ပြုပြင်ထုတ်လုပ်မှုစက်မှုလုပ်ငန်း၊ လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ပြည်တွင်းစား သောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ မိရိုးဖလာယက်ကန်းလုပ်ငန်းနှင့် သစ်အချောထည်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး အဆင့်မြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် များစွာလို အပ်လျက်ရှိပါသည်။

သို့ပါသောကြောင့် ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလာရောက် ဆောင်ရွက် နိုင်ရန်ဖိတ်ခေါ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် အတည်ပြုမိန့်များ လွယ်ကူလျှင်မြန်စွာထုတ်ပေးနိုင်ရန်အတွက် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်သော သတင်းအချက်အလက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို SSIC Website မှအချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။