စိုက်ပျိုးရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ရည်ရွယ်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်

 

 

ဒုတိယအကြိမ်မြောက် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၉ ကို  ၂၀၁၉ ခုနှစ် နိုဝင်ဘာ  ၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ Royal Taunggyi Hotel  ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖိုရမ်သည် ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုမြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ဖော်ထုတ်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကြား ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။