မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များ
ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ   ၁၆  ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၁/၂၀၁၈ ဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်း လိုက်ပါသည်-
| စဉ် | အမည် | ရာထူး | ဌာန | အဆင့် | 
| ၁။ | ဦးသောင်းထွန်း | ပြည်ထောင်စုဝန်ကြီး | ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန | ဥက္ကဋ္ဌ | 
| ၂။ | ဒေါက်တာသန်းမြင့် | ပြည်ထောင်စုဝန်ကြီး | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | ဒုတိယဥက္ကဋ္ဌ | 
| ၃။ | ဦးထွန်းထွန်းဦး | ပြည်ထောင်စုရှေ့နေချုပ် | ပြည်ထောင်စုရှေ့နေချုပ်ရုံး | အဖွဲ့ဝင် | 
| ၄။ | ဦးဆက်အောင် | ဒုတိယဝန်ကြီး | စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် | 
| ၅။ | ဒေါ်နီလာကျော် | ဝန်ကြီး | ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ | အဖွဲ့ဝင် | 
| ၆။ | ဒေါက်တာအောင်ထွန်းသက် | စီးပွားရေးပညာရှင် |  | အဖွဲ့ဝင် | 
| ၇။ | ဦးခင်မောင်ရီ | အမြဲတမ်းအတွင်းဝန် | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | အဖွဲ့ဝင် | 
| ၈။ | ဦးတိုးအောင်မြင့် | အမြဲတမ်းအတွင်းဝန် | စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် | 
| ၉။ | ဦးထိန်လွင် | အမြဲတမ်းအတွင်းဝန်(ငြိမ်း) | လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် | 
| ၁၀။ | ဦးဌေးချွန် | ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) | ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | အဖွဲ့ဝင် | 
| ၁၁။ | ဦးအေးလွင် | ဗဟိုအလုပ်အမှုဆောင် | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် | အဖွဲ့ဝင် | 
| ၁၂။ | ဦးသန့်စင်လွင် | ညွှန်ကြားရေးမှူးချုပ် | ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန | ခေတ္တအတွင်းရေးမှူး | 
| ၁၃။ | ဒေါ်မြသူဇာ | ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) | ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန | တွဲဖက်အတွင်းရေးမှူး | 
ပြည်ထောင်စုအစိုးရအဖွဲ့မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာအမှတ် ၂၀/၂၀၁၈ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။