ရင်းနှီးမြှုပ်နှံသူက  ၄င်းရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူပြီး အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-
-         လျှောက်ထားသည့်စာ(ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီး   မြှုပ်နှံမှု ပမာဏ၊  တိုးမြှင့်လိုသည့်ပမာဏနှင့်     စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
 
-         ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက်
 
-         ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင် စက်ပစ္စည်းကိရိယာများတင်သွင်းလိုပါက  တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။-
 
(ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြသည့် လုပ်ငန်းရှင်များအတွက် ကျန်ရှိမည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
-         ချေးငွေသဘောတူညီမှု မူကြမ်း (ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့်တိုးမြှင့်လိုလျှင်)
 
-         ခွင့်ပြုမိန့်/အတည်ပြုမိန့် မိတ္တူ
 
-         ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
 
ခွင့်ပြုမိန့်ကိုပြင်ဆင်ရန်လျှောက်ထားသည့် ဝန်ဆောင်စရိတ်နှုန်းထားမှာ မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ဖြစ်သည်။
(မူလအဆိုပြု မတည်ရင်းနှီးမြှုပ်နှံမှု၏ ၈၀ ရာခိုင်နှုန်းထည့်ဝင်ပြီးကြောင်း အထောက်အထား တင်ပြရမည်။)
-        နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ